Landora Policy

ကိုယ်ရေးအချက်အလက် ကာကွယ်ရေးမူဝါဒ

နောက်ဆုံးပြင်ဆင်သည့်နေ့ — ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်

၁။ မူဝါဒ၏ရည်ရွယ်ချက်

Landora သည် မြန်မာနိုင်ငံတစ်ဝန်းရှိ အိမ်ခြံမြေ ရောင်းချသူများ၊ ငှားရမ်းသူများ၊ ဝယ်ယူလိုသူများနှင့် အိမ်ခြံမြေအကျိုးဆောင်ပညာရှင်များကို ချိတ်ဆက်ပေးသည့် အွန်လိုင်းအိမ်ခြံမြေ Marketplace ဖြစ်ပါသည်။ ဤကိုယ်ရေးအချက်အလက်ကာကွယ်ရေးမူဝါဒတွင် Landora က အသုံးပြုသူများ၏ အချက်အလက်များကို မည်သို့စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ဖော်ပြခြင်းနှင့် ကာကွယ်ခြင်းတို့ ပြုလုပ်သည်ကို ရှင်းလင်းဖော်ပြထားပါသည်။

၂။ ကျွန်ုပ်တို့စုဆောင်းနိုင်သော အချက်အလက်များ

Landora ကို အသုံးပြုသည့်အခါ အောက်ပါအချက်အလက်များကို စုဆောင်းနိုင်ပါသည်။

  • အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ နှင့် အကောင့်ဝင်ရောက်ရန် အချက်အလက်များ
  • Profile ဓာတ်ပုံ၊ ကုမ္ပဏီအမည် နှင့် အကျိုးဆောင်လုပ်ငန်းဆိုင်ရာ အချက်အလက်များ
  • အိမ်ခြံမြေလိပ်စာ၊ တည်နေရာ၊ ဓာတ်ပုံများ၊ အမျိုးအစား၊ ဈေးနှုန်းနှင့် အကျယ်အဝန်း
  • Landora သို့ ပေးပို့သော မေးမြန်းချက်များနှင့် ဆက်သွယ်မှုမှတ်တမ်းများ
  • အသုံးပြုသည့် Device, Browser, IP address နှင့် Website အသုံးပြုမှုဆိုင်ရာ နည်းပညာအချက်အလက်များ
ငွေပေးချေမှုဝန်ဆောင်မှုများ အသုံးပြုပါက ငွေပေးချေမှုနံပါတ်၊ Transaction Number နှင့် ငွေပေးချေမှုအထောက်အထားတို့ကို လိုအပ်သလောက် စုဆောင်းနိုင်ပါသည်။
၃။ အများပြည်သူမြင်နိုင်သော အချက်အလက်များ

Landora တွင် အိမ်ခြံမြေကြော်ငြာတင်သည့်အခါ အောက်ပါအချက်အလက်များကို Website အသုံးပြုသူများက မြင်တွေ့နိုင်ပါသည်။

  • အိမ်ခြံမြေကြော်ငြာအချက်အလက်များ၊ ဓာတ်ပုံများနှင့် တည်နေရာ
  • ကြော်ငြာရှင် သို့မဟုတ် အကျိုးဆောင်အမည်၊ Profile ဓာတ်ပုံနှင့် လုပ်ငန်းအမည်
  • ဆက်သွယ်ရန် ဖုန်းနံပါတ်
အသုံးပြုသူများသည် မိမိပိုင်အချက်အလက်များ သို့မဟုတ် ဖော်ပြခွင့်ရရှိထားသော အချက်အလက်များကိုသာ Landora သို့ ပေးပို့ရမည်ဖြစ်ပါသည်။
၄။ အချက်အလက်များကို အသုံးပြုရသည့်ရည်ရွယ်ချက်
  • အသုံးပြုသူအကောင့် ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အကျိုးဆောင် Profile ဖန်တီးပေးခြင်း
  • အိမ်ခြံမြေကြော်ငြာများ ဖော်ပြပေးခြင်းနှင့် ပိုင်ရှင်၊ အကျိုးဆောင်၊ စိတ်ဝင်စားသူများကို ချိတ်ဆက်ပေးခြင်း
  • ကြော်ငြာအချက်အလက်များ စစ်ဆေး/ပြင်ဆင်ပေးခြင်းနှင့် မမှန်ကန်သော ကြော်ငြာ/လိမ်လည်မှုများကို ကာကွယ်ခြင်း
  • အသုံးပြုသူများ၏ မေးမြန်းချက်များကို ဖြေကြားပေးခြင်းနှင့် ဝန်ဆောင်မှု ပိုမိုတိုးတက်စေခြင်း
  • တည်ဆဲဥပဒေများနှင့် လိုအပ်ချက်များကို လိုက်နာခြင်း
၅။ အချက်အလက်မျှဝေခြင်း

Landora သည် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်း မပြုလုပ်ပါ။ ဝန်ဆောင်မှုပေးနိုင်ရန် လိုအပ်သည့်အခါ အောက်ပါအဖွဲ့အစည်းများနှင့် လိုအပ်သလောက် မျှဝေနိုင်ပါသည်။

  • Website hosting နှင့် နည်းပညာဝန်ဆောင်မှုပေးသူများ
  • ငွေပေးချေမှုဝန်ဆောင်မှုပေးသူများ
  • Landora ၏ လုပ်ငန်းဆောင်ရွက်မှုကို ကူညီပေးသည့် ဝန်ဆောင်မှုပေးသူများ
  • တည်ဆဲဥပဒေအရ တောင်းဆိုခွင့်ရှိသော သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ
၆။ Cookies နှင့် နည်းပညာများ

အကောင့်ဝင်ထားမှုကို ထိန်းသိမ်းခြင်း၊ Website လုံခြုံရေးကောင်းမွန်စေခြင်းနှင့် အသုံးပြုသူအတွေ့အကြုံတိုးတက်စေခြင်းတို့အတွက် Cookies များကို အသုံးပြုနိုင်ပါသည်။ Browser Settings မှတစ်ဆင့် ထိန်းချုပ်နိုင်ပါသည်။

၇။ အချက်အလက်လုံခြုံရေး

အချက်အလက်များ ပျောက်ဆုံးခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသုံးပြုခံရခြင်းမှ ကာကွယ်ရန် သင့်လျော်သော လုံခြုံရေးအစီအမံများကို အသုံးပြုပါသည်။ သို့သော် အင်တာနက်မှတစ်ဆင့် ပေးပို့ခြင်းကို ရာနှုန်းပြည့် လုံခြုံကြောင်း အာမခံ၍မရနိုင်ပါ။

၈။ အချက်အလက်ထိန်းသိမ်းထားသည့်ကာလ

ဝန်ဆောင်မှုပေးရန် လိုအပ်နေသရွေ့ အချက်အလက်များကို ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ အကောင့်ပိတ်သိမ်းခြင်း သို့မဟုတ် ဖျက်ပေးရန် တောင်းဆိုပါက ဥပဒေဆိုင်ရာနှင့် လုံခြုံရေးအရ လိုအပ်ချက်များမှအပ သက်ဆိုင်ရာအချက်အလက်များကို ဖျက်ဆီး/အများမမြင်နိုင်အောင် ပြုလုပ်ပေးပါမည်။

၉။ အသုံးပြုသူ၏အခွင့်အရေးများ

မိမိ၏ အချက်အလက်များနှင့် ပတ်သက်၍ အောက်ပါတို့အား Landora သို့ ဆက်သွယ်တောင်းဆိုနိုင်ပါသည်။

  • ကြည့်ရှုရန်၊ ပြင်ဆင်ရန် သို့မဟုတ် မှားယွင်းနေသောအချက်အလက်ကို ပြင်ဆင်ရန်
  • အများပြည်သူမမြင်နိုင်အောင် ပြုလုပ်ရန် သို့မဟုတ် အကောင့်နှင့် အချက်အလက်များကို ဖျက်ပေးရန်
  • အရောင်းမြှင့်တင်ရေးဆိုင်ရာ ဆက်သွယ်မှုများကို ရပ်တန့်ရန်
၁၀။ ပြင်ပ Links

Landora တွင် ပါဝင်သော ပြင်ပ Link များ၏ လုံခြုံရေးအတွက် တာဝန်မယူနိုင်ပါ။

၁၁။ အသက်မပြည့်သူများ

၁၈ နှစ်မပြည့်သေးသူများသည် မိဘ/အုပ်ထိန်းသူ အသိပေးချက်မရှိဘဲ မသုံးစွဲသင့်ပါ။

၁၂။ မူဝါဒပြင်ဆင်ခြင်း

လိုအပ်ပါက ပြင်ဆင်နိုင်ပြီး အရေးကြီးသော ပြောင်းလဲမှုများကို အသိပေးပါမည်။

၁၃။ ဆက်သွယ်ရန်

အချက်အလက်ပြင်ဆင်ခြင်း သို့မဟုတ် အကောင့်ဖျက်သိမ်းရန် ဆက်သွယ်ပါ

Phone 09-798353264
Address 65x128 Mandalay Myanmar

“Landora ၏ အသုံးပြုမှုစည်းမျဉ်းနှင့် ကိုယ်ရေးအချက်အလက်ကာကွယ်ရေးမူဝါဒကို ဖတ်ရှုပြီး သဘောတူပါသည်”